Legal
Terms of Service
Target Mathematics ကို အသုံးပြုရာတွင် လိုက်နာရမည့် အကောင့်၊ မူပိုင်ခွင့်နှင့် ဝန်ဆောင်မှု စည်းကမ်းများ ဖြစ်ပါသည်။
၁။ ဝန်ဆောင်မှုပေးခြင်း
ဤ application သည် Grade 12 Mathematics သင်္ချာဘာသာရပ်ကို အဓိကထား၍ သင်ခန်းစာများ၊ လေ့ကျင့်ခန်းများနှင့် ပုစ္ဆာဖြေရှင်းနည်းများကို လေ့လာနိုင်ရန် စီစဉ်ထားသော ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
၂။ အသုံးပြုသူ၏ တာဝန်များ
အသုံးပြုသူများသည် မိမိတို့၏ အကောင့်ဝင်ရောက်မှု အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းရပါမည်။
Application အတွင်းရှိ သင်ခန်းစာများနှင့် content များကို ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုခြင်းကို တားမြစ်ပါသည်။
၃။ မူပိုင်ခွင့်
Application အတွင်းရှိ သင်္ချာသင်ခန်းစာများ၊ ဗီဒီယိုများ၊ ပုံများ၊ စာသားများနှင့် သင်ကြားရေး material များအားလုံးသည် Target Mathematics ၏ မူပိုင်ဖြစ်ပါသည်။ ခွင့်ပြုချက်မရှိဘဲ အလွဲသုံးစားပြုလုပ်ခြင်းကို တရားဝင်အရေးယူပိုင်ခွင့်ရှိသည်။
၄။ ဝန်ဆောင်မှု ပြောင်းလဲခြင်း
ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် application ၏ feature များကို အချိန်မရွေး အဆင့်မြှင့်တင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် အချို့သော ဝန်ဆောင်မှုများကို ခေတ္တရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ပါသည်။
၅။ တာဝန်ယူမှု ကန့်သတ်ချက်
ကျွန်ုပ်တို့သည် သင်ခန်းစာများကို အကောင်းဆုံးနှင့် အတိကျဆုံးဖြစ်အောင် ကြိုးပမ်းပြင်ဆင်ထားသော်လည်း နည်းပညာဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် အသုံးပြုသူ၏ စက်ပစ္စည်းကြောင့် ဖြစ်ပေါ်လာသော အမှားအယွင်းများအတွက် တာဝန်ယူမည်မဟုတ်ပါ။
၆။ ကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှု
အသုံးပြုသူများ၏ အချက်အလက်များကို ကျွန်ုပ်တို့၏ Privacy Policy နှင့်အညီ လုံခြုံစွာ ထိန်းသိမ်းပေးသွားမည်ဖြစ်ပါသည်။
၇။ ဆက်သွယ်ရန်
စည်းကမ်းချက်များနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက Target Mathematics သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။